MMSY မှ ညီအကို မောင်နှမများရဲ့ စုပေါင်းကြိုးစားမှုဖြစ်တဲ့ ကျနော်တို့ ဒီပရောဂျက်လေးဟာ အလ္လာဟ်အရှင်မြတ်၏ အလိုတော်ဖြင့် Beta Version အဆင့်သို့ ပြီးမြောက်လို့လာပါပြီ။
အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု မြန်မာယူနီကုတ် စနစ်နဲ့ HTML5 ကို အသုံးပြုထားပါတယ်။
ထို့ကြောင့်
ဒီ Web Application ဟာ Beta Version ဖြစ်တာကြောင့် အမှားအယွင်း အနည်းငယ် ရှိနိုင်ပါတယ်။ အပြုသဘောဆောင်သည့် အကြံပြု ထောက်ပြချက်များ အားလုံးကို ကြိုဆိုပါတယ်။ contact@mmsy.org သို့ ဆက်သွယ်နိုင်ပါတယ်။
ချီးမွမ်းခြင်းအပေါင်းတို့သည် လောကခပ်သိမ်းကို အဆင့်ဆင့် ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ် အတွက်သာဖြစ်တော်မူပါ၏။ ထိုအရှင်မြတ်စေလွှတ်တော်မူသော လူသားအလင်းပြပုဂ္ဂိုလ် နဗီတမန်တော်အပေါင်းနှင့် နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ် (صلى الله عليه وسلم) အပေါ်သို့မေတ္တာအဖန်ဖန် ပို့ဆက်အပ်ပါ၏။
ယခု ကျမ်းတော်မြတ်ကုရ်အာန်မြန်မာဘာသာပြန် Web Application ကို မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များအဖွဲ့ (www.mmsy.org,Myanmar Muslim Student And Youth Online Organization ) မှ မွတ်စလင်မ်လူငယ်များ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ထားခြင်းဖြစ်ပါသည်။ ဒီပရောဂျက်လေးအတွက် မိမိတို့ကိုယ်ပိုင်အချိန်များတွင် တတ်အားသ၍ အစွမ်းကုန် ကူညီကြပေးခဲ့ကြသော MMSY မှ ညီအကိုမောင်နှမများကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ယခု Web Application တွင် အသုံးပြုထားသော ကျမ်းတော်မြတ်ကုရ်အာန် မြန်မာဘာသာပြန်ကို အောက်ပါ ပုဂ္ဂိုလ်များ ပြုစုရေးသားဘာသာပြန်သော ဘာသာပြန်(၂)အုပ်တွဲစာအုပ်မှာ ရယူပါသည်။
ကျမ်းမြတ်ကုရ်အာန်၏အလင်းပြကျမ်း ပြန်ဆိုပြုစုရေးသားသောကျမ်းပြုပုဂ္ဂိုလ်များ
ကျမ်းမြတ်ကုရ်အာန်၏အလင်းပြကျမ်း တည်ဖြတ်ရေးအဖွဲ့
ကျမ်းတော်မြတ်ကုရ်အာန် အာရဗီ စာသားများကို http://tanzil.net/download/ မှရယူပါသည်။
ကျမ်းတော်မြတ်ကုရ်အာန် အာရဗီလို အသံ MP3 ကို http://www.versebyversequran.com/ က ယူပါသည်။
ဤ ကျမ်းတော်မြတ်ကုရ်အာန် Web Application တွင်ပြုလုပ်နိုင်သည်များအချက်အလက်များမှာ
ရှေ့ရည်မှန်းချက်များ (အင်ရှာအလ္လာလ် အရှင် လွယ်ကူမှု့ပေးတော်မူပါစေ)
- ယခု Web Application ပို၍ features များစုံလင်ပြီး အသုံးပြုရလွယ်သော Desktop Software တခုပြုလုပ်လျက်ရှိပါသည်။ အင်ရှာအလ္လာဟ် မကြာခင် အသုံးပြုနိုင်ပါတော့မည်။
- မြန်မာစာဖြင့်ရှာဖွေရာ ပိုမိုတိကျစွာ ရှာဖွေနိုင်ရန် ဆက်လက်အဆင့်မြှင့်ဆောင်ရွက်ခြင်း၊
- နောက်ပိုင်း verion တွင် ဘာသာပြန်(၂)အုပ်တွဲ(အကျယ်) မှ စကားလုံးများဖွင့်ဆိုချက် (အောက်ခြေမှတ်စု) အချက်အလက်များထည့်သွင်းပေးရန်၊
- ကျမ်းတော်မြတ်ကုရ်အာန် အာရဗီဘာသာနည်းတူ၊ မြန်မာဘာသာကို အသံဖြင့် နားဆင်နိုင်ရန်၊
- ကျမ်းတော်မြတ် ကုရ်အာန် မြန်မာဘာသာပြန် အလင်းပြကျမ်းအစောင်(၃၀) ကို software and website တွင်ပါအသုံးပြုနိုင်အောင် ဆောင်ရွက်သွားရန်၊
- ကျမ်းတော်မြတ်ကုရ်အာန် မြန်မာဘာသာပြန်ကို အသံ၊စာတန်းထိုးကို DVD ဖြင့်ထုတ်ဝေနိုင်ရန်၊
စသဖြင့် စီစဉ်ထားပါတယ်။
အသုံးပြုပုံနှင့် ဒီပရောဂျက် အကြောင်း အသေးစိတ်ကို ဆက်လက် တင်ပြပေးပါမယ်။